ကျယ်ဝန်းလှတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့တတွေ ဆုံဆည်းကြတယ်... ခင်မင်ရင်နှီးကြတယ် မကြာခင်မှာပဲ ခင်မင်ရင်းနှီးပါတယ် ဆိုတဲ့ သူတွေနဲ့ ခွဲခွါကြရပြန်တယ် အဲဒီလို... တိုတောင်းလှတဲ့ တွေ့ဆုံချိန်လေးအတွင်းမှာ အားလုံးဟာ အမုန်းတွေ အာဃာတတွေ မထားရှိကြပဲ ဒီလောက ဟင်းလင်းပြင် ကြီးထဲမှာပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာပဲနေထိုင် သွားကြပါစို့

Updated ဘေဘီလုံ V-8.0.5.5. နှင့် မြန်မာအဘိဓာန်များ

ကျွန်တော် ဘလော့နဲ့ပတ်သက်လို့ အလုပ် မလုပ်ပဲ ခိုကပ်နေခဲ့တာ ကြာပါပြီ။ စိတ်ထဲမှာတော့ အမြဲရှိပါတယ်။ အခုတော့ ဘေဘီလုံနဲ့ ပတ်သက်ပြီး အဆင်မပြေတာလေးကို ကြုံခဲ့ရလို့ ကျွန်တော့်မှာ ရှိသမျှလေးနဲ့ အဆင်ပြေတာလေးတွေ ရှယ်ယာလုပ်ပေးချင်လို့ ဒီပို့စ်လေးကို တင်ဖြစ်တာပါ။ (အစားကောင်းလေးများ စားရရင် အခင်ဆုံး မိတ်ဆွေတွေကို သတိရတတ်တယ် ဆိုသလိုပေါ့ဗျာ...) ဘေဘီလုံ အသုံးပြုသူများ အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘေဘီလုံ V-7 နဲ့ V-8 ကွာခြားချက်တွေကိုတော့ ဒီပို့စ် မှာ ရေးထားပြီးဖြစ်နေတော့ အကျယ်ချဲ့ မပြောနေတော့ပါဘူး။ အခု တင်ပေးချင်တဲ့ ဘေဘီလုံကတော့ V-8 ထက် ပိုပြီး အဆင်ပြေစေမယ့် V-8.0.5.5 ပါ။ ထူးခြားချက်ကတော့ အရင်ကဆို စာလုံးတစ်လုံးအ ဓိပ္ပါယ်ကို သိချင်ပြီဆိုရင် အနည်းဆုံးတော့ Ctrl နဲ့ Right Click ကိုနှိပ်မှ အဆင်ပြေပါတယ်။အခုထွက်တဲ့ ဘေဘီလုံမှာတော့.....
အရင်လိုမဟုတ်ပဲ ဘေဘီလုံ ၀င်ဒိုးထဲမှာရှိတဲ့ စာလုံးတွေကို Left Click တစ်ချက်နှိပ်လိုက်တာနဲ့ သက်ဆိုင်တဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးနိုင်ပါတယ်။ အခြားနေရာမှာရှိတဲ့ စာလုံးတွေရဲ့ အဓိပ္ပါယ်ကို သိဖို့တော့ အရင်အတိုင်းပဲ လုပ်ရမှာပါ။ အင်တာနက်နဲ့ အမြဲချိတ်ဆက် အသုံးမပြုသော Offline Users များအတွက်လည်း ဒေါင်းပြီးသား ထပ်ပေါင်းပေးရမယ့် Dictionaries များကိုပါ တင်ပေးလိုက်ပါတယ်။ ပြီးတော့ ထပ်ပေါင်းပေးချင်တာက အရင်ကဆို Crack တွေ Keygen တွေနဲ့ ဖျစ်ညှစ်ပြီးအသုံးပြုရတာပါ။ အခုကတော့ တရားဝင် လိုင်စင်နံပါတ်တွေပါ ထည့်ပေးထားမှာမို့ ပိုမိုအဆင်ပြေမယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာ အဘိဓာန်များကိုတော့ အသီးသီးသော ပညာရှင်များက ထုတ်ထားတာပါ ကျေးဇူးတင်စရာရှိခဲ့မယ် ဆိုရင်လည်း ထိုပညာရှင်များကိုသာ ကျေးဇူးတင် ပေးကြစေလိုပါတယ်။ မြန်မာအဘိဓာန်များထုတ်ပေးကြသော ပဒုမ္မာစေတန်ဂေါ့ဒ်၊ ရဲမာန် နှင့် အခြားသော ပညာရှင် တို့အားလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောရင်း အားလုံးပဲ အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းလျှက်.......






ဘေဘီလုံ V-8.0.5.5+Serial

For Offline Users


1 comment:

mg thet said...

အစ်ကိုရေ...ဘေဘီလုံ V-8.0.5.5+Serial Link ကပျက်နေပါတယ်ခဗျ..။
ကျေးဇူးပြုပြီး..ပြန်တင်ပေးပါအုန်းနော်..။
ဒီထက်မက..တိုးတက်အောင်မြင်ပါစေ.။

Post a Comment