၁) ဘဲဥနှင့်ခရမ်းချဉ်သီး
ပိုလန်နိုင်ငံတွင် ဆန္ဒပြနေသော လူအုပ်ကြီးသည် ပုလိပ်များကို ခဲများနှင့်ပေါက်နေကြ၏။ ဤမြင်ကွင်းကို အနောက်ဥရောပမှ ကမ္ဘာလှည့်ခရီးသည် တစ်ဦးက တွေ့သွားရာ……
ခရီးသည်>>>> ‘‘ခင်ဗျားတို့ ပုလိပ်တွေကို ခဲနဲ့ပေါက်တာ မကောင်းပါဘူး၊ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် တစ်စုံတစ်ယောက်ကို ဆန္ဒပြချင်ရင် ခရမ်းချဉ်သီးတွေ၊ ဘဲဥတွေနဲ့ပဲ ပေါက်ကြတယ်။ ’’
ဆန္ဒပြသူ>>>> ‘‘ကျုပ်တို့ လက်ထဲမှာ ဘဲဥနဲ့ ခရမ်းချဉ်သီးတွေ ရှိနေရင် ဘယ်ဆန္ဒပြတော့မှာလဲဗျ… ’’
၂) ဆန္ဒအမှန်
အသက်အာမခံ အရောင်းကိုယ်စားလှယ် တစ်ဦးသည် လယ်သမားကြီး တစ်ဦးကို အသက်အာမခံ ထားရန် တိုက်တွန်းနေခဲ့သည်။
‘‘ ဦးဆုံးပါးသွားတဲ့အခါမှာ ဦးရဲ့ဇနီး၊ သားသမီးတွေ မပူမပင်၊ မကြောင့်အကျပဲ နေရစ်နိုင်သေးတယ်ဆိုရင် ဘယ်လောက်ဝမ်းသား စရာကောင်းမလဲ ’’
ဟုအာမခံ ကိုယ်စားလှယ်က ပြောလိုက်သည်..
လယ်သမားကြီးက သူဝါးနေသော ဆေးရွက်ကြီးကို ထွေးထုတ်လိုက်ပြီး ပြောလိုက်သည်မှာ…
‘‘ ဒီမှာမောင်ရင်….. ငါသေသွားတဲ့အခါမှာ ငါသေသွားတဲ့အတွက်ကြောင့် ဘယ်သူမှ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကျန်မနေစေချင်ဘူး၊ အားလုံး ကမ္ဘာပျက်သလို ၀မ်းနည်းပူဆွေးပြီး ကျန်စေချင်တယ်’’ ဟူသတည်း…
၃) အလုပ်လက်မဲ့ပြဿနာဖြေရှင်းနည်း
ပါမောက္ခကြီးက တပည့်ဖြစ်သူအား
‘‘ အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို မင်းစဉ်းစားနိုင်မလား ’’
‘‘ ဟုတ်ကဲ့ခင်ဗျာ၊ ယောက်ျားအားလုံးကို ကျွန်းတစ်ကျွန်းမှာ ထားပြီး၊ မိန်းမအားလုံးကို တစ်ခြား ကျွန်းတစ်ကျွန်းမှာထားပါ့မယ် ’’
‘‘ ဒါဆို သူတို့ဘာလုပ်နေကြမလဲကွ ’’
‘‘ သင်္ဘောတွေ တည်ဆောက်နေကြပါလိမ့်မယ် ခင်ဗျာ…’’
၎) အဖေတူသား
သားဖွားဆောင်တစ်ခုထဲတွင် ဖြစ်သည်။ မိခင်ဖြစ်သူက မွေးကင်းစ ကလေးငယ်အား စကားပြောနေ၏။
‘‘ ကြည့်စမ်း၊ သားလေးက သုံးရက်သားပဲရှိသေးတယ်၊ ဖေဖေကြီးနဲ့တူနေပြီ၊ မေမေ စကားဖြင့် ပြောလို့မပြီးသေးဘူး၊ သူကအိပ်နေပြီး ’’
၅) တက်ဈေးနှုန်း
အဘိုးအို လူကြီးတစ်ယောက်သည် ကုန်မျိုးစုံဆိုင်ထဲရှိ ဒိန်ခဲဘူးပေါ်၌ ရေးထားသော ကြီးမြင့်လှသည့် ဈေးကို ဖတ်ပြီး ညည်းညူ လိုက်သည်။ ထိုနောက် ၎င်းဘူးကို ဖွင့်၍ အနံ့အရသာရှိလှသော ဒိန်ခဲကို တစ်ချက်မျှ နမ်းကြည့် ရှူရှိုက်ကာ သဘောကျသည့် အမူ အရာဖြင့် …
‘‘ ၂၅ ဆင့် ဖိုးပေးပါ ’’ ဟု ပြောလိုက်သည်။
ထိုအခါ ဆိုင်ရှင်အဘိုးကြီးက ပြန်ပြာလိုက်သည်မှာ..
‘‘ ခင်ဗျား ခုနက တစ်ရွှတ် နမ်းလိုက်တာ ၂၅ဆင့်ဖိုးပဲ ’’ တဲ့။
ဆက်ဖတ်ကြပါစို့...
ပြန်သိမ်းရန်
၁) အိုသွေးမသွင်းစေချင်
တစ်ခါက ရွာတစ်ရွာတွင် ဦးသာဗျော-ဒေါ်ဘုမ ဆိုသည့် တောင်သူလုပ်းကိုင်စားသည့် လင်မယား နှစ်ယောက် တွင် ‘နုထွေး’ ဟူသည့် သမီးပျို တစ်ဦး ရှိပြီး အလွန်ရိုးသား ကြလေသည်။ တစ်နေ့တွင် ‘နုထွေး’ မကျန်းမမာ ဖြစ်ပြီး လမ်းမလျှောက်နိုင် လောက်အောင် ဖြစ်နေလေရာ ရွာသူရွာသားများ တိုက်တွန်း၍ မြို့သို့ပို့ ဆေးရုံတင် ကြလေသည်။ ဆေးရုံရောက်လျှင် တာဝန်ကျ ဆရာဝန်မှ နုထွေး အား စမ်းသပ် စစ်ဆေးပြီး သွေးသွင်းရန် လိုအပ်ကြောင်း ပြောပြလေသည်။ ဆရာဝန်မှ ‘အို’ သွေး သွင်းရန် လိုအပ်ကြောင်း ပြောပြသော် ဆရာဝန်၏ စကားမဆုံးခင် မှာပင် ဒေါ်ဘုမမှ ‘‘ အမလေး၊ ကျွန်မသမီးလေးကို ‘အို’ သွေးတော့ မသွင်းပေးပါနဲ့၊ ကျွန်မသမီးက အခုမှ နုနုပျိုပျိုလေး ရှိသေးတာ၊ ပျိုပျိုရွယ်ရွယ် သွေး သွင်းလို့ မဖြစ်ဘူးလား’’ ဟုပြောလိုက်လေသတည်း။
၂) မရိုက်ပေါင်ရှင်
ခင်ပွန်း >>> ‘‘ မင်းကို ဟိုလူက ရည်းစားစကား လိုက်ပြောတာ ဘာလို့ငြိမ်ခံနေရတာလဲ ’’
ဇနီး >>> ‘‘ အို….ဘာဖြစ်လို့ ရိုက်ရမှာလဲ၊ အပျိုလို့ အထင်ခံရ နည်းသလား ရှင့်’’
၃) စဉ်းစားစရာ
ကိုယ်လုံးတီး အမျိုးသမီး တစ်ဦးသည် တက္ကစီကား တစ်စီးကို ဖမ်းတား၍ တက်စီးလေသည်။
တက္ကစီ မောင်းနေစဉ်တွင် ယာဉ်မောင်းသမားသည် အမျိုးသမီးအား ပြန်၍ကြည့်ကြည့်နေခဲ့သည်။
အမျိုးသမီးက ဟောက်လိုက်လေသည်။
‘‘ ရှင်ဘယ်လို ဖြစ်နေတာလဲ၊ ကိုယ်လုံးတီး မိန်းမကို မမြင်ဖူးဘူးလား ’’
ထိုအခါ ယာဉ်မောင်းက ပြောလိုက်သည်မှာ-
‘‘ မြင်ဖူးပါတယ်ဗျာ၊ ခင်ဗျားမှာ ပိုက်ဆံအိပ်လည်း မပါတော့ ကျုပ်ကို ပေးစရာ တက္ကစီကားခ ပါရဲ့လား၊ တက္ကကားခ ဘယ်မှာများ ထည့်ထားပါသလဲလို့ တွေးပြီး ကြည့်မိတာပါဗျာ’’
၎) ဒီလိုဆိုရင်တော့
အစည်းအဝေး ကျင်းပနေသည်မှာ တော်ကြီး ကြာမြင့်နေပြီဖြစ်သည်။ မနက်က စခဲ့သည့်တိုင်အောင် မှောင်ရီပျိုးစ ပြုနေပါလျက် မပြီးပြတ်နိုင် ဖြစ်နေခဲ့သည်။ ထိုစဉ် အမျိုးသမီး တစ်ဦးက မတ်တပ်ရပ် လိုက်ပြီ အိမ်တွင် ကလေးများသာ ကျန်နေသောကြောင့် သူမကို အစည်းအဝေးမှ ထွက်ခွင့်ပြုပါရန် သဘာပတိအဖွဲ့ကို မေတ္တာရပ်ခံ လိုက်၏။ သဘာပတိ အဖွဲ့မှ ခွင့်ပြုလိုက်သည်။ ထိုအခါ မိန်းမပျိုတစ်ဦးက နေရာမှ ထ၍……
‘‘ ကျွန်မကိုလည်း အိမ်ပြန်ခွင့်ပြုပါ’’
ထိုအခါ သဘာပတိ အဖွဲ့ဝင် တစ်ဦးက မေးလိုက်သည်..
‘‘ ဘာလဲ၊ ခင်ဗျားလည်း ကလေးတွေ ရှိလို့လား ’’
ထိုအခါ မိန်းမပျိုလေးက ...
‘‘ မရှိပါဘူး၊ ဒါပေမယ့် ဒီပုံစံ အတိုင်းသာ ခဏခဏ အစည်းအဝေး အကြာကြီး ကျင်းပနေမယ်ဆိုရင် ကလေးဘယ်တော့မှ ရှိမှာမဟုတ်ဘူးရှင့်’’
၅) ကျွန်ုပ်ဆီးကုန်း စွားမလို့
တစ်ခါက တရုတ်တစ်ယောက် ဘိန်းဖြူသယ်လာ သည့်သတင်းကို ရရှိလေသည်။ ရဲအရာရှိများက ရထားကို ရန်တန့်စစ်ဆေးရာတွင် ‘ဥရောပသား’ ကဲ့သို့ ၀တ်စုံကို သပ်ရပ်စွာ ၀တ်ဆင်ထားသူတစ်ယောက်ကို တွေ့ရသည်။ ထိုသူကို မသင်္ကာဖြစ်မိသော်လည်း ဥပဓိရုပ်က သန့်ပြန့်နေသဖြင့် ဥရောပသားဟု ထင်မှတ်မိကာ မမေးဝံ့ပဲ ကြည့်၍သာ နေရသည်။ ထိုစဉ် ရဲဝံဟန်ရှိသော ရဲအရာရှိတစ်ယောက်က ချဉ်းကပ်ကာ မေးလိုက်သည်တွင်……
ရဲအရာရှိ >>> ‘‘ မိတ်ဆွေကြီး ဘယ်သွားမလို့လဲ ’’
ထိုသူ >>> ‘‘ ကျွန်ုပ် ဆီးကုန်း စွားမလို့ ’’
ထိုစကားလုံးများကို ကြားရသောအခါ သူအဖမ်းခံ လိုက်ရသည်မှာ မဆန်းတော့ပြီ။ သူက ဥရောပသား ယောက်ဆောင်ထားသော တရုတ်ဖြစ်သောကြောင့်ပင်.
ဆက်ဖတ်ကြပါစို့...
ပြန်သိမ်းရန်
၁) သာယာလွန်းတဲ့ချစ်ခရီးလမ်း
ချိုးဖိုတစ်ကောင်သည် သူ့ချစ်သူ ချိုးမလေးနှင့် နေ့လည် ၁၂-နာရီတွင် မြို့တော်ခန်းမရှိ နာရီစင်ပေါ် တွေ့ဆုံရန် ချိန်းဆိုထားလေသည်။ ၁-နာရီ ထိုးသော်လည်း ချိုးမလေး ရောက်မလာ။ ၂-နာရီ ထိုးသော်လည်း မတွေ့ရ။ ၅-နာရီခန့် ရှိလောက်မှ ချိုးမလေး ရောက်လာသည်-
‘‘ မင်းနေတဲ့ ပန်ခြံကနေ ဒီမြို့တော်ခန်းမကို ပျံလာရင် ငါးမိနစ်သာ ကြာတော့မပေါ့၊ ဘာ့ကြောင့် ဒါလောက် နောက်ကျရတာလဲကွာ’’
‘‘ အချစ်ရယ်၊ ရာသီဥတု က သာယာ လွန်းလို့ လမ်းလျှောက်ပြီး လာခဲ့တော့တယ်လေ ’’
၂) နေ့ပေါင်းများစွာမအိပ်သူ
‘‘ ငါနေ့ပေါင်းများစွာမအိပ်ခဲ့ပါဘူးကွာ’’
‘‘ ဒါဆိုမင်းအားနည်းနေမှာပေါ့ ’’
‘‘ ဟင့်အင်း၊ မနည်းပါဘူးကွာ၊ ညဘက်မှာချည်အိပ်တာကိုး ’’
၃) အဆုံးအစမရှိသောအရာ
‘‘ မင်းကိုငါမေးမယ်အဆုံးလည်းမရှိ အစလည်းမရှိတာဘာလဲကွ’’
‘‘ သံသရာကြီးပေါ့ကွာ၊ လူတွေဟာ ဘယ်ကလာမှန်းလည်း မသိဘူး၊ ဘယ်ကိုသွာ ကြရမှန်းလည်း မသိကြဘူးလေ၊ အစလည်း မသိ၊ အဆုံးလည်း မရှိဘူးလေ၊ ကဲ..... မဟုတ်ဘူးလား’’
‘‘ ငါမေးတာက တိုတိုလေး၊ မင်းက ရှည်ရှည်ဝေးဝေး လျှောက်ပြောနေတယ် ’’
‘‘ ဒါပေမယ့် ငါဖြေတာမှန်တယ် မဟုတ်လား ’’
‘‘ မမှန်ဘူး ’’
‘‘ ဒါဖြင့် ဘာလဲ ’’
‘‘ မှတ်ထား၊ အစအဆုံး မရှိတာ စက်ဝိုင်းပေါ့ကွ၊ ဒါလေးတောင် မသိဘူးလား ’’
‘‘ အန် ’’
၎) ဘာသာစကားသစ်
ဂျာမဏီ နိုင်ငံရောက် ကျောင်းသူတစ်ဦးသည် ဂျာမန်စကား သိပ်မကျွမ်းချေ။ ရောက်ခါစ နှစ်ပတ်လောက် အသားညှပ်ပေါင်မုန့် သာ စားနေရ၏။ သူစားချင်သော အစားအစာကို ရဖို့မလွယ်၍ ဖြစ်သည်။
နောက်ဆုံးတွင် အနီးဆုံး ကုန်တိုက်ကြီးသို့ သွားသည်။ ကြက်သား ၀ယ်ချင်သော်လည်း ရောင်းသည့် နေရာကို ရှာမတွေ့ချေ။
အရောင်းဈေးသည် တစ်ဦးအား မေးသော်လည်း သူ့စကားကိုနားမလည်ချေ။ ထို့ကြောင့် ထိုဝန်ထမ်းလေးကို ကြက်ဥအရောင်း ကောင်တာသို့ တွဲခေါ်သွားပြီး ကြက်ဥတစ်လုံးကို ကောက်ယူလျက် ‘‘ အမေ၊ အမေ ’’ ဟု ပြောလိုက်သည်။
ခဏအကြာတွင် ၀န်ထမ်းလေးက ရေးခဲရိုက် ကြက်တစ်ကောင် ယူလာ၍ ပေးလေတော့သည်။
၅) ပြေးမလွတ်ပါ
နိုင်ငံခြားတိုင်းပြည် တစ်ပြည်ရှိ ကွန်မြူနစ် သူပုန်ဌာနချုပ်၏ အကျဉ်း စခန်းတွင် အကျဉ်းကျနေသူ သုံးဦးသည် ဆွေးနွေး ပြောဆိုနေကြလေသည်-
ပထမလူ >>> ‘‘ ကျုပ်က တာဝန်ကျတဲ့ နေရာကို အမြဲ စောစောရောက်တယ်၊ ဒီတော့ သူတို့က ကျုပ်ကို စီအိုင်အေ သူလျှို ဆိုပြီး ဖမ်းချုပ်တာပဲ ’’
ဒုတိယလူ >>> ‘‘ ကျုပ်က တာဝန်ကျတဲ့ နေရာကို အမြဲနောက်ကျပြီးမှ ရောက်တယ်၊ ဒါနဲ့ကျုပ်ကို ပါတီစီမံကိန်း ဖျက်စီးသူလို့ စွပ်စွဲပြီး ဖမ်းချုပ်ထားတာပဲ ’’
တတိယလူ >>> ‘‘ ကျုပ်ကတော့ တာဝန်ကျတဲ့ နေရာကို အမြဲပဲ အချိန်အတိ အကျရောက်တယ်၊ ဒီတော့ ကျုပ်ပတ်ထားတဲ့ လက်ပတ်နာရီ ဟာ အရင်းရှင်နိုင်ငံက ရလာတဲ့ နာရီဖြစ်ရမယ်လို့ စွပ်စွဲပြီး ဖမ်းတော့တာပဲဗျို့’’
ဆက်ဖတ်ကြပါစို့...
ပြန်သိမ်းရန်
၁) နောက်တစ်မျိုးက
‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး လေပါးကို ပြောစမ်း။’’
‘‘ မြေ-လေ-မီး...ပြီးတော့...ပြီးတော့...’’
‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
‘‘ ဆပ်ပြာပါ ဆရာ ’’ :)
၂) ရောမမြို့ကြီးတည်ဆောက်ချိန်
‘‘ ရောမမြို့ကြီးကို ဘယ်အချိန်မှာတည်ဆောက်ခဲ့တာလဲ။’’
‘‘ ညမှာပါ’’
‘‘ ဘာလို့ ညလို့ ပြောရတာလဲ’’
‘‘ ဆရာပဲပြောတယ်လေ။ ’’
‘‘ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့’’
၃) ရူပဗေဒ
‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’
၎) ဆက်သွယ်လိုလျှင်
‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။
အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’
‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’
၅) ကျွန်တော့်အဖေပါ
မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-
‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’
‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’
‘‘ ကျွန်...ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’
၆) မှန်ပေမယ့် မှားတယ်
‘‘စိတ္တဇနာမ် ဆိုတာဘာလဲ။’’
‘‘ မသိဘူးဆရာ။’’
‘‘ ထိလို့ကိုင်လို့ မရတဲ့အရာ အမည်ပေါ့။’’
‘‘သိပါပြီဆရာ။ မီးဖိုပေါ်က ထမင်းအိုးပါ။’’
၇) မှန်တော့မှန်ပါရဲ့
‘‘ နာမ် ’’တစ်ခုကိုပြောပါ။
‘‘ နွား ’’ ပါဆရာ။
‘‘ မှန်တယ်၊ ကဲ...နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’
၈) စီအေတီ
‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’
၉) အမေးနှင့် အမေး
‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’
၁၀) သတိပေးနေလို့
‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။
ဆက်ဖတ်ကြပါစို့...
ပြန်သိမ်းရန်
တခါက ပညာရေးဝန်ကြီး တဦးဟာ ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့သွားရောက်ခဲ့တယ်။ အတန်း တစ်တန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံး တလုံး တင်ထားတာတွေ့လို့ ကျောင်းသား တစ် ယောက်ကို ခေါ်ပြီး ........“ ဒီကမ္ဘာကြီး ဟာ ဘာလို့ ၂၃ နှစ်ပိုင်း တစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေသလဲ” လို့ မေးလိုက်တယ်။ အမေးခံရတဲ့ ကျောင်းသားက ပျာပျာသလဲ “ကျွန်တော်လုပ်တာ မဟုတ်ဘူး...” လို့ ပြန်ဖြေတယ်။
ပညာရေးဝန်ကြီးက ၀င်လာတဲ့ နောက်ကျောင်းသားတဦးကို မေးလိုက်ပြန်တယ်။ ကျောင်းသားက လက်ကာပြပြီး “ကျွန်တော်အခုမှ ၀င်လာတာ.... ကျွန်တော်လုပ်တာ မဟုတ်ဘူး” လို့ ဖြေပြန်တယ်။ ပညာရေး ၀န်ကြီးက ဆရာ ဖက်လှည့်ပြီး “ဒါ..ဘယ်လိုဖြစ်ရတာလဲ” လို့ (ဆရာက တပည့်တွေကို ဘယ်လို သင်ခဲ့သလဲဆိုတဲ့ ပုံစံနဲ့) မေးလိုက် တယ်။ ဆရာက တောင်းပန်တဲ့ လေသံနဲ့ “သူတို့ကို အပြစ်တင်လို့ မရဘူး..ဒီကမ္ဘာလုံးက ၀ယ်လာကတည်းက ၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီတိမ်းစောင်းနေတာပါ” လို့ပြန် ဖြေတယ်။
ပညာရေးဝန်ကြီးက ခရမ်းချဉ်သီးလို ပေါက်ကွဲတော့မယ့် မျက်နှာ နဲ့ ကျောင်းအုပ်ဖက် လှည့်ကြည့်လိုက်တယ် ဆိုရင် ပဲ ကျောင်းအုပ်ကြီးက “ပြောရမှာ အားတော့နာတယ်... ကျောင်းက ရန်ပုံငွေ အခက်အခဲ ဖြစ်နေလို့ ဒီကမ္ဘာ လုံးကို လမ်းဘေးဈေးမှာ ၀ယ်ခဲ့လို့ အခုလို တိမ်းစောင်းနေတာပါ” လို့ ပြန်ဖြေလိုက် တော့တယ်။
ဆက်ဖတ်ကြပါစို့...
ပြန်သိမ်းရန်
ချစ်သူဘ၀………………. အလကားနေရင်းအကြည်ချင်းဆုံ၏။
အိမ်ထောင်သည်ဘ၀…. အကြည့်ချင်းဆုံရင်လည်းအလကာဖြစ်၏။
ချစ်သူဘ၀………………. အလကားနေရင်းချစ်သူကိုတမ်းတ၏်။
အိမ်ထောင်သည်ဘ၀…. ချစ်သူကိုတမ်းတသော်လည်းအလကာဖြစ်၏။
ချစ်သူဘ၀………………. ကလေးဘယ်နှယေက်ယူလိုက်မည်ဟုစိတ်ကူး၏။
အိမ်ထောင်သည်ဘ၀…. စိတ်ကူးယဉ်သည့်အတိုင်း ကလေးမယူဖြစ်ခဲ့ရင် အကောင်းသားဟုတွေးမိ၏။
ချစ်သူဘ၀………………. ကိုယ်ပိုင်ဆိုင်သမျှသူ့အားပေးလို၏။
အိမ်ထောင်သည်ဘ၀…. ကိုယ်ပိုင်ဆိုင်သမျှဘဏ်တွင်တိတ်တိတ်လေးထားလို၏။
ချစ်သူဘ၀………………. မွှန်နေသော်လည်းကိစ္စမရှိဟုဆို၏။
အိမ်ထောင်သည်ဘ၀…. ကိစ္စရှိမှမွှန်၏။
ချစ်သူဘ၀………………. တစ်ယောက်နှင့်တစ်ယောက်ဖုန်းပြောပါတိုးတိုးပြော၏။
အိမ်ထောင်သည်ဘ၀…. ဖုန်းထဲကအော်လိုက်ရသည်ကိုပင်အားမရ။
ချစ်သူဘ၀………………. ချစ်သူအကြောင်းကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘ၀…. ကဗျာရေးသူငစနူ။
ချစ်သူဘ၀………………. သူငိုလျှင် ကိုယ်လိုက်ငိုသည်။
အိမ်ထောင်သည်ဘ၀…. သူငိုလျှင် TVအစီအစဉ်တွေ ကောင်းပြီ။
ချစ်သူဘ၀………………. သူ့မွေးနေ့ကိုအလွတ်ရ၏။
အိမ်ထောင်သည်ဘ၀…. ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ။
ချစ်သူဘ၀………………. လူတောထဲတွင် လက်ချင်းချိတ်၍ သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘ၀…. လူတောထဲတွင် မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏။
ချစ်သူဘ၀………………. အစားစားလျှင် ခွံကျွေးမှကြိုက်၏။
အိမ်ထောင်သည်ဘ၀…. အစားစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏။
ချစ်သူဘ၀………………. အချစ်သီချင်းများသာ နားထောင်၏။
အိမ်ထောင်သည်ဘ၀…. ကက်ဆက်အကြောင်းသာပြော၏။
ချစ်သူဘ၀………………. ချစ်သူအကြောင်းသာပြော၏။
အိမ်ထောင်သည်ဘ၀…. သံသရာမှလွတ်မြောက်ရာအကြောင်းသာတွေး၏။
ချစ်သူဘ၀………………. ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀…. လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏။ :z
ဆက်ဖတ်ကြပါစို့...
ပြန်သိမ်းရန်
စာတိုက်ဝန်ထမ်းက စာတိုက်ပုံးကို ဖွင့်ပြီးတော့ စာတွေကိုသိမ်းတယ်။ ပြီးတော့ စာတိုက်ထဲဝင်သွားတယ်။ ရပ်ကြည့်နေတဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက်က မပိတ်ရသေးတဲ့ စာတိုက်ပုံးထဲ ၀င်ထိုင်ပြီး တံခါးကို ဆွဲပိတ်လိုက်တယ်။ ထွက်ချင်တော့ ပြန်တွန်းဖွင့်တော့ တံခါးက ဖွင့်လို့မရတော့ဘူး။ ပုံးထဲပိတ်မိနေတဲ့ ကလေးကကြောက်လန့်ပြီးအော်ငိုတော့တာပေါ့။ ဒီတော့ အပြင်က ကလေးက စာတိုက်ထဲပြေးဝင်လာပြီး သော့ဖွင့်ပေးဖို့ပြောတယ်။
ဝန်ထမ်းတွေကလည်း ပြေးထွက်လာပြီး ပိတ်မိနေတဲ့ ကလေးကို စာတိုက်ပုံးထဲက ထွက်လို့ရအောင် သော့ဖွင့်ပြီးပေးလိုက်တယ်။ ကလေးအပြင်ရောက်လာတော့ စာတိုက်ဝန်ထမ်းက-
‘တာဝန်အရ ပြောမယ်ကွာ မင်းနောက်တစ်ခါ စာတိုက်ပုံးထဲဝင်မယ် ဆိုရင် တံဆိပ်ခေါင်းတစ်ခု အရင် ၀ယ်ကပ်ဖို့မမေ့နဲ့ကွာ။’
ဆက်ဖတ်ကြပါစို့...
ပြန်သိမ်းရန်
ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လူအတော်များများကို လေလာကြည့်ပါ။ အတွေးအခေါ် များသည် လွန်စွာမှ ပေါကြောင်ကြောင်နိုင်လှ၏။ (ထိုလူများထဲမှာ သင်ကိုယ်တိုင် တောင်ပါချင်ပါနေလိမ့်ဦးမည်။) ကြည့်ပါလေ... လူတို့သည် ဘာမဆို မိမိကောင်းတယ်လိုထင်သော အရာမှန်သမျှကို ခပ်ပေါပေါ ခပ်ချောင်ချောင် ရလိုကြ၏။ နေရထိုင်ရတာကိုလည်း သက်သောင့်သက်သာ ခပ်ချောင်ချောင်ပင် နေလိုကြ၏။ ဒါပေမယ့်သူတို့ကိုယ်တိုင်ကိုတော့ ပေါနေပြီ၊ ချောင်နေပြီ ပြောတာကို မကြိုက်ကြကုန်။ မယုံလျှင် သင်နှင့်ရင်းနှီး ခင်မင်ပါသည်ဆိုသော သူဌေးတစ်ယောက်ကို “ခင်ဗျားကတော့ ရွှေမရှား ငွေမရှား ဘာမဆိုမရှားတဲ့ တကယ့်ငပေါကြီးပဲဗျာ”
ဟုသွားပြောကြည့်ပါလား။ ဒါမှမဟုတ် “ခင်ဗျားကတော့ ကျုပ်တို့လိုမဟုတ်ဘူးပဲ။ ဘာတစ်ခုမှ ကျပ်တည်းမှု မရှိဘူး။ အကျပ်သမား မဟုတ်တော့ ခင်ဗျားဟာ အချောင်သမားကြီးပေါ့နော်” စသည်ဖြင့် ပြောကြည့်လေ။ သင့်ကို တစ်စစီဆုတ်ဖြဲပစ်ချင်လောက်အောင် ဒေါသဖြစ်မှာသေချာသည်။ ထမရိုက်လျှင်ပဲ ကံကောင်းလှချေပြီ။
သေသေချာချာ စဉ်းစားလေ ရယ်ဖွယ်ကောင်းလေ ဖြစ်၏။ ကျွန်ုပ်တို့ လူမျိုးများသည် အထက်ပါစကားလုံးကို ဖော်ပြပြီးသကဲ့သို့ မကြိုက်ကြသော်လည်း တစ်ခါတစ်ရံ၌မူကား “ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နိမိတ်ထွန်း” ဆိုပြီး ကြိုက်ကြကုန်ပြန်၏။ “အတိတ်တဘောင် နိမိတ်ကိုဆောင်၏” ၊ “ပညတ်သွားရာဓာတ်သက်ပါ၏” ဆိုပြီး ကြိုက်ကြပြန်၏။ ပညတ်သွားရာ ဓာတ်သက်ပါအောင်ပင် လူနာမည်တွေကို ကြီးပွါး၊ ချမ်းသာ၊ တိုးတက်၊ အောင်မြင်၊ စကြာဝဠာ စသည့်ဖြင့် မှည့်ကြကုန်၏။ မယုံမရှိနှင့် ဟိုစာရေးဆရာမလေး ဆိုလျှင် သူ့ဝတ္ထု ဇာတ်ကောင် နာမည်တွေကို အဏုမြူ၊ ဒုံးပျံ စသည်ဖြင့် မိန်းကလေးနာမည်တွေဆို ဂျူပီတာ၊ ယူရေးနပ်စ်၊ နျူးကလီးယား သည်ဖြင့်ပေးနေပြီ။ ထို့ကြောင့် ကျွန်ုပ်လည်း စဉ်းစားတွေးတောမိ သည်မှာ အဲဒီလို ပညတ်သွားရာ ဓာတ်သက်ပါအောင် နာမည် ပြောင်းမှည့်ကြလျှင် မကောင်းဘူးလား။ ဥပမာ “လူမင်း” ကို “နတ်မင်း”၊ “ရာဇာနေ၀င်း” ကို “စကြာဝတေး နေ၀င်း”၊ “ဂန္တ၀င်” အား “ပို့စ်မော်ဒန်”၊ “န၀ရတ်” အား “ဥစ္စာစောင့်သိုက်” စသည်ဖြင့်ပေါ့။
နောက်ထပ် လေ့လာမိတာ ရှိသေး၏။ ပညာရှင် “စူပါသော်ဒူ(စ်)” ဆိုသူ၏ လေ့လာတင်ပြချက်များမှ ကောက်နုတ်ဖော်ပြရသော် ကမ္ဘာ့ငွေကြေးစနစ် အခေါ်အဝေါ် ဖြစ်ပေါ်လာပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှ၏။ သိုးဆောင်းတို့ သုံးစွဲသော “ပေါင်” ဆိုသည်မှာ အိတ်ဖောင်းနေစေရန် ရည်ရွယ်၍ “ဖောင်း” ဟု မှည့်ခေါ်ရာမှ စခဲ့သည်ဟူ၏။ အမေရိကန်တို့ သုံးစွဲသော “ဒေါ်လာ” ဆိုတာလည်း “ထောလာပြီ၊ ထောလာပြီ” ဟု နိမိတ်ပြရွတ်ဆိုရင်း “ထောလာ” မှ ဆင်းသက်ခဲ့သည် ဟူ၏။ အာရပ်ကုလားတို့သည်လည်း ရေနံရောင်း စားရာမှ ပိုက်ဆံတွေ ယူပြီးရင်းယူရင်း “ယူပြီး ယူပြီး” မှ “ရူပီး” ဖြစ်လာသည်ဟု ဆို၏။
ဒီလိုဆိုလျှင် ကျွန်ုပ်လည်း အတိတ်ကောင်း နိမိတ်ကောင်း တစ်ခုလောက် အကြံပေးချင်ပါ၏။ ကျွန်ုပ်တို့ သုံးစွဲနေသော ငွေကြေး စနစ်အား “ကျပ်” စနစ်မှ “ချောင်” စနစ်သို့ ပြောင်းလဲခေါ်ဝေါ် ကြည့်လျှင် မကောင်းပေးဘူးလား။ အတိတ်နိမိတ်ကောင်းယူလျှင် လူတွေသာ၍ ပို၍ “ချောင်လည်” လာကြပေလိမ့်မည်။ တစ်ကျပ် နှစ်ကျပ် အစား “တစ်ချောင်” “နှစ်ချောင်” ပြောင်းခေါ်လည်း အခေါ်မဆိုးလှပါဘူး။ အဲ တစ်ခု ပဲရှိသည်။ မိရိုးဖလာ သုံးစွဲနေကျ စကားလုံးအချို့ကိုတော့ စွန့်လွှတ် ပြင်ဆင်ရပေလိမ့်မည်။ ဥပမာ ကျပ်မပြည့်ဘူးဆိုသောစားကို ယခုလို ပြောင်းသုံးရပေမည်။ “သူတော်ဆိုတဲ့ ငနဲဟာ ချောင်မပြည့်ပါဘူးကွာ ဟူ၍ စဉ်းစားကြည့်ဖို့ ဖြစ်ပါ၏။”
အားနာပါ၏။……………သူတော်(ရယ်စရာမဂ္ဂဇင်းမှ...)
်
ဆက်ဖတ်ကြပါစို့...
ပြန်သိမ်းရန်