ကျယ်ဝန်းလှတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့တတွေ ဆုံဆည်းကြတယ်... ခင်မင်ရင်နှီးကြတယ် မကြာခင်မှာပဲ ခင်မင်ရင်းနှီးပါတယ် ဆိုတဲ့ သူတွေနဲ့ ခွဲခွါကြရပြန်တယ် အဲဒီလို... တိုတောင်းလှတဲ့ တွေ့ဆုံချိန်လေးအတွင်းမှာ အားလုံးဟာ အမုန်းတွေ အာဃာတတွေ မထားရှိကြပဲ ဒီလောက ဟင်းလင်းပြင် ကြီးထဲမှာပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာပဲနေထိုင် သွားကြပါစို့

Updated ဘေဘီလုံ V-8.0.5.5. နှင့် မြန်မာအဘိဓာန်များ

ကျွန်တော် ဘလော့နဲ့ပတ်သက်လို့ အလုပ် မလုပ်ပဲ ခိုကပ်နေခဲ့တာ ကြာပါပြီ။ စိတ်ထဲမှာတော့ အမြဲရှိပါတယ်။ အခုတော့ ဘေဘီလုံနဲ့ ပတ်သက်ပြီး အဆင်မပြေတာလေးကို ကြုံခဲ့ရလို့ ကျွန်တော့်မှာ ရှိသမျှလေးနဲ့ အဆင်ပြေတာလေးတွေ ရှယ်ယာလုပ်ပေးချင်လို့ ဒီပို့စ်လေးကို တင်ဖြစ်တာပါ။ (အစားကောင်းလေးများ စားရရင် အခင်ဆုံး မိတ်ဆွေတွေကို သတိရတတ်တယ် ဆိုသလိုပေါ့ဗျာ...) ဘေဘီလုံ အသုံးပြုသူများ အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘေဘီလုံ V-7 နဲ့ V-8 ကွာခြားချက်တွေကိုတော့ ဒီပို့စ် မှာ ရေးထားပြီးဖြစ်နေတော့ အကျယ်ချဲ့ မပြောနေတော့ပါဘူး။ အခု တင်ပေးချင်တဲ့ ဘေဘီလုံကတော့ V-8 ထက် ပိုပြီး အဆင်ပြေစေမယ့် V-8.0.5.5 ပါ။ ထူးခြားချက်ကတော့ အရင်ကဆို စာလုံးတစ်လုံးအ ဓိပ္ပါယ်ကို သိချင်ပြီဆိုရင် အနည်းဆုံးတော့ Ctrl နဲ့ Right Click ကိုနှိပ်မှ အဆင်ပြေပါတယ်။အခုထွက်တဲ့ ဘေဘီလုံမှာတော့.....
အရင်လိုမဟုတ်ပဲ ဘေဘီလုံ ၀င်ဒိုးထဲမှာရှိတဲ့ စာလုံးတွေကို Left Click တစ်ချက်နှိပ်လိုက်တာနဲ့ သက်ဆိုင်တဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးနိုင်ပါတယ်။ အခြားနေရာမှာရှိတဲ့ စာလုံးတွေရဲ့ အဓိပ္ပါယ်ကို သိဖို့တော့ အရင်အတိုင်းပဲ လုပ်ရမှာပါ။ အင်တာနက်နဲ့ အမြဲချိတ်ဆက် အသုံးမပြုသော Offline Users များအတွက်လည်း ဒေါင်းပြီးသား ထပ်ပေါင်းပေးရမယ့် Dictionaries များကိုပါ တင်ပေးလိုက်ပါတယ်။ ပြီးတော့ ထပ်ပေါင်းပေးချင်တာက အရင်ကဆို Crack တွေ Keygen တွေနဲ့ ဖျစ်ညှစ်ပြီးအသုံးပြုရတာပါ။ အခုကတော့ တရားဝင် လိုင်စင်နံပါတ်တွေပါ ထည့်ပေးထားမှာမို့ ပိုမိုအဆင်ပြေမယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာ အဘိဓာန်များကိုတော့ အသီးသီးသော ပညာရှင်များက ထုတ်ထားတာပါ ကျေးဇူးတင်စရာရှိခဲ့မယ် ဆိုရင်လည်း ထိုပညာရှင်များကိုသာ ကျေးဇူးတင် ပေးကြစေလိုပါတယ်။ မြန်မာအဘိဓာန်များထုတ်ပေးကြသော ပဒုမ္မာစေတန်ဂေါ့ဒ်၊ ရဲမာန် နှင့် အခြားသော ပညာရှင် တို့အားလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောရင်း အားလုံးပဲ အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းလျှက်.......






ဘေဘီလုံ V-8.0.5.5+Serial

For Offline Users


ဆက်ဖတ်ကြပါစို့...

ဘေဘီလုံ 8.0.0 + Myanmar Dictionary

ဘေဘီလုံ ကတော့ အားလုံး သိပြီးကြတဲ့အတိုင်း အသုံးပြုရတာ အတော်လေး အဆင်ပြေတဲ့ အဘိဓာန်တစ်ခုပါ။ အခု တင်ထားပေးတာကတော့ ဘေဘီလုံ Version 8.0.0 ပုံစံ အသစ်ပါ။
ပါဝင်တဲ့ အပိုင်းတွေကတော့ စာလုံးချင်း ဘာသာပြန်ပေးသည့် အဘိဓာန်အပြင် စာပိုဒ်လိုက် ဘာသာပြန်ပေးသည့် Full Document Translation(file types- Word,PDF,Text)၊ MS Office အတွက် Speller ၊ အင်တာနက်စာမျက်နှာလိုက် ဘာသာပြန်ပေးသည့် Web Translator ၊နိုင်ငံတကာသုံး ငွေကြေး နှုန်းထားများ နှိုင်းယှဉ် ပြောင်းလဲနိုင်သည့် Currencies Converter, အတိုင်းအတာများ နှိုင်းယှဉ်ပြောင်းလဲနိုင်သည့် Measurement Converter နဲ့ နိုင်ငံအလိုက် ဒေသစံတော်ချိန်များ ကိုသိနိုင်သည့် Time Zome များပါ ပါဝင်ပါတယ်။




Text Translation အတွက် ဘာသာစကား 33 မျိုး၊ အဓိပ္ပါယ်ဖွင့်ဆိုပေးမှု အတွက် ကမ္ဘာ့ထိပ်တန်း စွယ်စုံကျမ်း နှင့် အဘိဓာန်များဖြစ်သည့်Oxford University Press, Britannica, Merriam-Webster, Larousse, Vox, Langenscheidt, Pons, and Taishukan တို့ဖြင့် အဓိပ္ပါယ်ဖွင့်ထားပါတယ်။
ပဒုမ္မာ မှ ထုတ်တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကိုလည်း အတူပူးတွဲပြီး တင်ပေးထားပါတယ်။ ပဒုမ္မာ အင်္ဂလိပ်-မြန်မာ ကတော့ အဘိဓာန်အနေနဲ့ သာလျှင် ထည့်သွင်းထားတာ ဖြစ်လို့ တစ်ခြား စာပိုဒ်လိုက် ဘာသာပြန်ပေးမှု အပိုင်းတွေမှာမှာတော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။
Install လုပ်ပုံကတော့ ခက်ခက်ခဲခဲမရှိလှပါဘူး။ ပထမဆုံး Babylon Setup.exe ကို Install လုပ်လိုက်ပါ။ ပြီးရင် Padoma ကို Double Click ပေးလိုက်ပါ။ ပြီးသွားရင်တော့ license အဆင်ပြေစေဖို့ အတွက် ZWT License File လေးကို Double Click ပေးလိုက်ရင်ရပါပီ။ Single Click activation အနေဖြင့် ဘာသာပြန်လိုသည့် စာလုံးကို Ctrl + Right Click လုပ်ရုံဖြင့် ဘာသာပြန်ပေးနိုင်ပါတယ်။

F10 ကီးနှိပ်ရုံဖြင့် ဘေဘီလုံ Tray Icon ကို ခေါ်ယူအသုံးပြုနိုင်ပါတယ်။ Babylon Globe ကတော့ အလွယ်တကူ အသုံးပြုနိုင်ဖို့ အတွက်ပါ။ သူ့ကို ပိတ်ထားမယ်ဆိုလည်း Disable လုပ်ထားလို့ ရပါတယ်။





Babylon 8.0.0+Padoma+ZWT License
OR
Babylon 8.0.0+Padoma+ZWT License

ဆက်ဖတ်ကြပါစို့...

Window Myanmar Translator

Window Myanmar Translator ကတော့ စာကြောင်းလိုက် စာပိုဒ်လိုက် တွေကို အင်္ဂလိပ်မှ မြန်မာလို တိုက်ရိုက် ဘာသာပြန် ပေးပါတယ်။ ဒါ့အပြင် ဝေါဟာရ တစ်ခုချင်းစီ ရှာဖွေနိုင်ဖို့အတွက် အဘိဓာန်ကိုပါ ထည့်ပေးထားပါတယ်။ ၎င်း အဘိဓာန်မှာလည်း ထည့်သွင်းထားခြင်း မရှိသေးတဲ့ ဝေါဟာရတွေကို အသုံးပြုသူကိုယ်တိုင် ထပ်ထည့်ပေးထားလို့ရသလို ထည့်သွင်းထားပြီးဖြစ်တဲ့ ဝေါဟာရအဓိပ္ပါယ်တွေကိုလည်း ပြန်လည်ပြုပြင် မှတ်သားထားလို့ ရပါတယ်။ လက်တွေ့ကျကျလေးဖြစ်သွားအောင် သုံးကြည့်လိုက်ပါ။



Window Menu တွေကိုလည်း မြန်မာ စာလုံးတွေနဲ့ ဖော်ပြပေးထားပါတယ်။ Software Requirements အနေနဲ့ .Net Framwork 2.0 လိုပါတယ်။ မြန်မာစာလုံးတွေ ကောင်းမွန်စွာ မြင်ရဖို့အတွက်လည်း Myanmar3 Font လိုပါတယ်။ အသုံးပြုပုံ အသေးစိတ် သိချင်သေးတယ်ဆိုရင်တော့ User Manual PDF ပါ ပုံနှင့် တကွ သေချာရှင်းပေးထားပါတယ်။ ဒေါင်းပြီးဖတ်ကြည့်ပါ။

Window Myanmar Translator နဲ့ Myanmar3 Font ဒေါင်းလုပ်ယူရန်
.Net Framework 2.0 ဒေါင်းလုပ်ယူရန်

ဆက်ဖတ်ကြပါစို့...

ကိုစိုးမင်းရဲ့ မြန်မာသုံးအဘိဓာန်


သုံးရတာ လွယ်ကူ ရှင်းလင်းပါတယ်။ အဓိပ္ပါယ် ရှာဖွေပေးနိုင်မှု အရမ်းမြန်ဆန် သွက်လက်ပါတယ်။ အားလုံးသုံးရတာ အဆင်ပြေစေဖို့ မြန်မာ စာလုံးပုံစံ ကိုလည်းသုံးမျိုး ထည့်ပေးထားပါတယ်။





ဒီစာသားလေးတွေလည်းဖတ်ပေးပါ....


ပရိုဂရမ်မာ ကိုစိုးမင်းရဲ့ မြန်မာ-အင်္ဂလိပ် နဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် ဆော့ဖ်ဝဲတစ်ခုပါ။ Myanmar3, Zawgyi-One and Ayar Burmese ဆိုပြီး မြန်မာစာလုံးပုံစံ သုံးမျိုးကိုထည့်ထားပေးပါတယ် မိမိကွန်ပျူတာထဲမှာ တစ်ခုခု ရှိနေရင်တော့သုံးလို့ရပါတယ်။ ထည့်သွင်းထားတဲ့ စာလုံးအရေအတွက် များသလို ရှာဖွေးပေးနိုင်မှုကလည်း မြန်ဆန်ပါတယ်။ အခုလို မြန်မာတွေအတွက် အသုံးဝင်တဲ့ အဘိဓာန် ထုတ်ပေးတဲ့ ကိုစိုးမင်းကိုလည်း အထူတလည် ကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူ ၀မ်းလည်း ၀မ်းမြောက်မိပါတယ်။ ယူလာခဲ့တဲ့လင့်ခ်လေးအတိုင်းပဲ တင်ပေးလိုက်ပါတယ်။

Here Myanmar Dictionary

ဆက်ဖတ်ကြပါစို့...

Internet Download Manager 6.03 (Final)

နောက်ဆုံးထုတ်ပေးထားတဲ့ IDM 6.03 ပါ။ Install လုပ်ပုံကိုတော့ ထူးထူးထွေထွေ ပြောမနေတော့ပါဘူးဗျာ။ အားလုံးသိပြီးတဲ့အတိုင်းပဲပေါ့။ ဒါပေမယ့် Patch လုပ်နည်းကတော့.......
IDM Setup file ကို Install လုပ်ပါ။ ပြီးသွား ရင် Tray Icon ကို EXIT လုပ်ပါ။ ပြီးရင်တော့ Patch icon ကို Double Click ပေးလိုက်ပါ။ အဲဒီမှာမှ ပေါ်လာတဲ့ ၀င်းဒိုး မှာ Patch ဆိုတာလေးကို နှိပ်လိုက်ယုံပါပဲ။ တစ်ခါတစ်ရံမှာ သူ Patch လုပ်စရာ file မတွေ့ဘူးလို့ ပြောလာတတ်ပြီး အသုံးပြုသူကိုယ်တိုင်ရွေးခိုင်း တတ်ပါတယ် အဲဒီအချိန်မျိုးမှာဆိုရင် IDM install လုပ်ထားတဲ့ ဥပမာ- Drive:C ထဲမှာ ၀င်ဒိုးရှိသူများအတွက် C:\Program Files\Internet Download Manager ထဲမှာ paste လုပ်ပြီး ကလစ်နှစ်ချက် နှိပ်လိုက်ပါ။ ပေါ်လာတဲ့ Patch window မှာ Patch Button ကိုနှိပ်ပါ။ ---Patching done--- ဆိုပြီးပေါ်လာပါမယ်။ ဒါဆိုရင်တော့ IDM 6.03 ကိုအသုံးပြုပြီး စိတ်အေး လက်အေး ဒေါင်းနိုင်ပါကြပါပြီ။




InternetDownloadManager

OR

InternetDownloadManager

ဆက်ဖတ်ကြပါစို့...