ကျယ်ဝန်းလှတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့တတွေ ဆုံဆည်းကြတယ်... ခင်မင်ရင်နှီးကြတယ် မကြာခင်မှာပဲ ခင်မင်ရင်းနှီးပါတယ် ဆိုတဲ့ သူတွေနဲ့ ခွဲခွါကြရပြန်တယ် အဲဒီလို... တိုတောင်းလှတဲ့ တွေ့ဆုံချိန်လေးအတွင်းမှာ အားလုံးဟာ အမုန်းတွေ အာဃာတတွေ မထားရှိကြပဲ ဒီလောက ဟင်းလင်းပြင် ကြီးထဲမှာပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာပဲနေထိုင် သွားကြပါစို့
Showing posts with label Translator Software. Show all posts
Showing posts with label Translator Software. Show all posts

Window Myanmar Translator

Window Myanmar Translator ကတော့ စာကြောင်းလိုက် စာပိုဒ်လိုက် တွေကို အင်္ဂလိပ်မှ မြန်မာလို တိုက်ရိုက် ဘာသာပြန် ပေးပါတယ်။ ဒါ့အပြင် ဝေါဟာရ တစ်ခုချင်းစီ ရှာဖွေနိုင်ဖို့အတွက် အဘိဓာန်ကိုပါ ထည့်ပေးထားပါတယ်။ ၎င်း အဘိဓာန်မှာလည်း ထည့်သွင်းထားခြင်း မရှိသေးတဲ့ ဝေါဟာရတွေကို အသုံးပြုသူကိုယ်တိုင် ထပ်ထည့်ပေးထားလို့ရသလို ထည့်သွင်းထားပြီးဖြစ်တဲ့ ဝေါဟာရအဓိပ္ပါယ်တွေကိုလည်း ပြန်လည်ပြုပြင် မှတ်သားထားလို့ ရပါတယ်။ လက်တွေ့ကျကျလေးဖြစ်သွားအောင် သုံးကြည့်လိုက်ပါ။



Window Menu တွေကိုလည်း မြန်မာ စာလုံးတွေနဲ့ ဖော်ပြပေးထားပါတယ်။ Software Requirements အနေနဲ့ .Net Framwork 2.0 လိုပါတယ်။ မြန်မာစာလုံးတွေ ကောင်းမွန်စွာ မြင်ရဖို့အတွက်လည်း Myanmar3 Font လိုပါတယ်။ အသုံးပြုပုံ အသေးစိတ် သိချင်သေးတယ်ဆိုရင်တော့ User Manual PDF ပါ ပုံနှင့် တကွ သေချာရှင်းပေးထားပါတယ်။ ဒေါင်းပြီးဖတ်ကြည့်ပါ။

Window Myanmar Translator နဲ့ Myanmar3 Font ဒေါင်းလုပ်ယူရန်
.Net Framework 2.0 ဒေါင်းလုပ်ယူရန်

ဆက်ဖတ်ကြပါစို့...