ကျယ်ဝန်းလှတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့တတွေ ဆုံဆည်းကြတယ်... ခင်မင်ရင်နှီးကြတယ် မကြာခင်မှာပဲ ခင်မင်ရင်းနှီးပါတယ် ဆိုတဲ့ သူတွေနဲ့ ခွဲခွါကြရပြန်တယ် အဲဒီလို... တိုတောင်းလှတဲ့ တွေ့ဆုံချိန်လေးအတွင်းမှာ အားလုံးဟာ အမုန်းတွေ အာဃာတတွေ မထားရှိကြပဲ ဒီလောက ဟင်းလင်းပြင် ကြီးထဲမှာပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာပဲနေထိုင် သွားကြပါစို့

ဘေဘီလုံ 8.0.0 + Myanmar Dictionary

ဘေဘီလုံ ကတော့ အားလုံး သိပြီးကြတဲ့အတိုင်း အသုံးပြုရတာ အတော်လေး အဆင်ပြေတဲ့ အဘိဓာန်တစ်ခုပါ။ အခု တင်ထားပေးတာကတော့ ဘေဘီလုံ Version 8.0.0 ပုံစံ အသစ်ပါ။
ပါဝင်တဲ့ အပိုင်းတွေကတော့ စာလုံးချင်း ဘာသာပြန်ပေးသည့် အဘိဓာန်အပြင် စာပိုဒ်လိုက် ဘာသာပြန်ပေးသည့် Full Document Translation(file types- Word,PDF,Text)၊ MS Office အတွက် Speller ၊ အင်တာနက်စာမျက်နှာလိုက် ဘာသာပြန်ပေးသည့် Web Translator ၊နိုင်ငံတကာသုံး ငွေကြေး နှုန်းထားများ နှိုင်းယှဉ် ပြောင်းလဲနိုင်သည့် Currencies Converter, အတိုင်းအတာများ နှိုင်းယှဉ်ပြောင်းလဲနိုင်သည့် Measurement Converter နဲ့ နိုင်ငံအလိုက် ဒေသစံတော်ချိန်များ ကိုသိနိုင်သည့် Time Zome များပါ ပါဝင်ပါတယ်။




Text Translation အတွက် ဘာသာစကား 33 မျိုး၊ အဓိပ္ပါယ်ဖွင့်ဆိုပေးမှု အတွက် ကမ္ဘာ့ထိပ်တန်း စွယ်စုံကျမ်း နှင့် အဘိဓာန်များဖြစ်သည့်Oxford University Press, Britannica, Merriam-Webster, Larousse, Vox, Langenscheidt, Pons, and Taishukan တို့ဖြင့် အဓိပ္ပါယ်ဖွင့်ထားပါတယ်။
ပဒုမ္မာ မှ ထုတ်တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကိုလည်း အတူပူးတွဲပြီး တင်ပေးထားပါတယ်။ ပဒုမ္မာ အင်္ဂလိပ်-မြန်မာ ကတော့ အဘိဓာန်အနေနဲ့ သာလျှင် ထည့်သွင်းထားတာ ဖြစ်လို့ တစ်ခြား စာပိုဒ်လိုက် ဘာသာပြန်ပေးမှု အပိုင်းတွေမှာမှာတော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။
Install လုပ်ပုံကတော့ ခက်ခက်ခဲခဲမရှိလှပါဘူး။ ပထမဆုံး Babylon Setup.exe ကို Install လုပ်လိုက်ပါ။ ပြီးရင် Padoma ကို Double Click ပေးလိုက်ပါ။ ပြီးသွားရင်တော့ license အဆင်ပြေစေဖို့ အတွက် ZWT License File လေးကို Double Click ပေးလိုက်ရင်ရပါပီ။ Single Click activation အနေဖြင့် ဘာသာပြန်လိုသည့် စာလုံးကို Ctrl + Right Click လုပ်ရုံဖြင့် ဘာသာပြန်ပေးနိုင်ပါတယ်။

F10 ကီးနှိပ်ရုံဖြင့် ဘေဘီလုံ Tray Icon ကို ခေါ်ယူအသုံးပြုနိုင်ပါတယ်။ Babylon Globe ကတော့ အလွယ်တကူ အသုံးပြုနိုင်ဖို့ အတွက်ပါ။ သူ့ကို ပိတ်ထားမယ်ဆိုလည်း Disable လုပ်ထားလို့ ရပါတယ်။





Babylon 8.0.0+Padoma+ZWT License
OR
Babylon 8.0.0+Padoma+ZWT License

2 comments:

Unknown said...

ကျေးဇူးတင်ပါတယ်ဗျာ.....

ဇမိုဇော် said...

ကျေးဇူးတင်ပါတယ်ဗျာ။

Post a Comment