ကျယ်ဝန်းလှတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့တတွေ ဆုံဆည်းကြတယ်... ခင်မင်ရင်နှီးကြတယ် မကြာခင်မှာပဲ ခင်မင်ရင်းနှီးပါတယ် ဆိုတဲ့ သူတွေနဲ့ ခွဲခွါကြရပြန်တယ် အဲဒီလို... တိုတောင်းလှတဲ့ တွေ့ဆုံချိန်လေးအတွင်းမှာ အားလုံးဟာ အမုန်းတွေ အာဃာတတွေ မထားရှိကြပဲ ဒီလောက ဟင်းလင်းပြင် ကြီးထဲမှာပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာပဲနေထိုင် သွားကြပါစို့

တရာခံဘယ်သူလဲ

တခါက ပညာရေးဝန်ကြီး တဦးဟာ ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့သွားရောက်ခဲ့တယ်။ အတန်း တစ်တန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံး တလုံး တင်ထားတာတွေ့လို့ ကျောင်းသား တစ် ယောက်ကို ခေါ်ပြီး ........“ ဒီကမ္ဘာကြီး ဟာ ဘာလို့ ၂၃ နှစ်ပိုင်း တစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေသလဲ” လို့ မေးလိုက်တယ်။ အမေးခံရတဲ့ ကျောင်းသားက ပျာပျာသလဲ “ကျွန်တော်လုပ်တာ မဟုတ်ဘူး...” လို့ ပြန်ဖြေတယ်။

ပညာရေးဝန်ကြီးက ၀င်လာတဲ့ နောက်ကျောင်းသားတဦးကို မေးလိုက်ပြန်တယ်။ ကျောင်းသားက လက်ကာပြပြီး “ကျွန်တော်အခုမှ ၀င်လာတာ.... ကျွန်တော်လုပ်တာ မဟုတ်ဘူး” လို့ ဖြေပြန်တယ်။ ပညာရေး ၀န်ကြီးက ဆရာ ဖက်လှည့်ပြီး “ဒါ..ဘယ်လိုဖြစ်ရတာလဲ” လို့ (ဆရာက တပည့်တွေကို ဘယ်လို သင်ခဲ့သလဲဆိုတဲ့ ပုံစံနဲ့) မေးလိုက် တယ်။ ဆရာက တောင်းပန်တဲ့ လေသံနဲ့ “သူတို့ကို အပြစ်တင်လို့ မရဘူး..ဒီကမ္ဘာလုံးက ၀ယ်လာကတည်းက ၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီတိမ်းစောင်းနေတာပါ” လို့ပြန် ဖြေတယ်။

ပညာရေးဝန်ကြီးက ခရမ်းချဉ်သီးလို ပေါက်ကွဲတော့မယ့် မျက်နှာ နဲ့ ကျောင်းအုပ်ဖက် လှည့်ကြည့်လိုက်တယ် ဆိုရင် ပဲ ကျောင်းအုပ်ကြီးက “ပြောရမှာ အားတော့နာတယ်... ကျောင်းက ရန်ပုံငွေ အခက်အခဲ ဖြစ်နေလို့ ဒီကမ္ဘာ လုံးကို လမ်းဘေးဈေးမှာ ၀ယ်ခဲ့လို့ အခုလို တိမ်းစောင်းနေတာပါ” လို့ ပြန်ဖြေလိုက် တော့တယ်။

No comments:

Post a Comment