ကျယ်ဝန်းလှတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့တတွေ ဆုံဆည်းကြတယ်... ခင်မင်ရင်နှီးကြတယ် မကြာခင်မှာပဲ ခင်မင်ရင်းနှီးပါတယ် ဆိုတဲ့ သူတွေနဲ့ ခွဲခွါကြရပြန်တယ် အဲဒီလို... တိုတောင်းလှတဲ့ တွေ့ဆုံချိန်လေးအတွင်းမှာ အားလုံးဟာ အမုန်းတွေ အာဃာတတွေ မထားရှိကြပဲ ဒီလောက ဟင်းလင်းပြင် ကြီးထဲမှာပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာပဲနေထိုင် သွားကြပါစို့

သူမ ၏ ဒိုင်ယာရီ အပိုင်း(၂)

ထုံးစံအတိုင်းကျွန်တော် နောက်ကျပြန်ပြီ……. ကျွန်တော် ဆရာကတော့ပွဲ ကို စောရောက်ချင်သည်… မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းများကိုတွေ့ချင်သည်.. အထူးသဖြင့် သူ့ကိုတွေ့ချင်သည်.. နှစ်တွေ ကြာတော့ ဘယ်လိုပြောင်းလဲသွားမလဲသိချင်သည်… သူနဲ့ ကျွန်တော်က တနယ်စီဝေးနေ ခဲ့ကြသည်… တွေ့ချင်သွားခွင့်ရှိပေမယ့်.. တွေ့လျှင် မနေနိုင်.. ချစ်တယ်လို့ပြောမိမှာလဲ .. စိုးနေမိသည်… ဒါကြောင့် သူ့အဝေး ကျွန်တော် နေပြီး.. သူ့အကြောင်းတွေ ကျွန်တော် နားစွင့်နေခဲ့သည်…. တစ်ကိုယ်ထဲ အပျိုကြီး ဘ၀ နဲ့ နေ နေတဲ့ သူနဘေးမှာ ကွန်တော် ဘ၀ကို တည်ဆောက်ချင်သည်…. မျက်နှာချင်းဆိုင် ၁၀ ကြိမ်တောင် မပြည့်တပြည့်တွေ့ခွင့်သာရခဲ့သော ၁၀ နှစ်ကျော်ကာလကိုတောင် ကျွန်တော် နှမြောမိသည်….


အခုတော့ သူ့ကိုတွေ့ခွင့်ရပါပြီ.. ရင်ကျက်တဲ့အလှနဲ့ သူတမျိုးလှနေသည်…. မတွေ့တာကြာ ခဲ့ပြီမို့ ပြောစရာ စကားက သိပ်များနေသည်.. သူနဲ့ မတွေ့ဖြစ်တဲ့နောက်ပိုင်း ကျွန်တော့် အခက်အခဲတွေ သူ့အရှေ့မှာ မငြီးညူချင်.. သူ့ကို အပူတွေ မကူးစက်စေချင် …. ကျွန်တော် သူ့ကို ဘယ်လောက် သတိရကြောင်း ပြောပြချင်သည်.. သို့သော် သင့်တော်ပါမည်လား… သူအကြောင်းတွေလဲ ကျွန်တော် မေးနေမိသည်… သူအဆင်ပြေရဲ့လား… မေခွန်းတွေ သိပ်များသွားတော့ .. သူစိတ်ပျက်သွားမလား… သူ့အရှေ့ရောက်တော့.. ကျွန်တော် အသက်နဲ့ မလိုက်အောင် တည်ငြိမ်မှုတွေ ပျောက်ပျက်ကုန်သည်.. ကျွန်တော် ရင်တွေ ခုန်နေသည်…



မတည်ငြိမ်တဲ့ ကျွန်တော် စိတ်ထဲ တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ချက်တစ်ခု ချမိသည်… ကျွန်တော် သူ့ဆီက လက်ထပ်ခွင့် တောင်းမည်….. ကျွန်တော် အရင်လို အရိုးမြန်အုံးမှာလား… မထင်မိတော့ပါ… ကျွန်တော် နှစ်ပေါင်းများစွာ မေ့မရ..သတိရခဲ့တဲ့သူ့ကို ..ကျွန်တော် တစ်ရက်မှ မရိုးဖူးခဲ့ပါ… ဒါကြောင့် ကျွန်တော် ဆုံးဖြတ်ခဲ့သည်.. ကျွန်တော် ဖွင့်ပြောတော့မည်…. ချစ်တယ်လို့ ဖွင့်ပြောလိုက်မည်.. အသက်အရွယ်အရ သင့်တော်ပါ့မလားလို့ .. မတွေးချင်တော့… နှစ်ပေါင်းများစွာ.. သိမ်းထားခဲ့တဲ့ ဒီအချစ်တစ်ခုကို သူအသိအမှတ် ပြုစေချင်သည်…. သူလက်ခံလျှင် လက်ထပ်မည်… ငယ်တော့သည်မဟုတ်တော့သော ကျန်ရှိတဲ့ သက်တမ်းမှာ ဘ၀ကို သူနဲ့သာတည်ဆောက်လိုတော့သည်… ညတိုင်းကို ကြယ်ပွင့်ပေါင်းများစွာ ရေတွက်ရင်း သူနဲ့သာ အတူတူ ကုန်ဆုံးချင်သည်… နေ့သစ်တိုင်းကို အပြုံးကိုယ်စီနဲ့ အတူတူ နိုးထချင်သည်…



ကျွန်တော့်အတွေးထဲ အိမ်မက် ကမ္ဘာတစ်ခု နဲ့ ကြည်နူးခဲ့ပေမယ့်… ကျွန်တော့်လက်ထဲ ရောက်လာသော ရုပ်ထုလေး တစ်ခုကြောင့် ကျွန်တော့် အတွေးတွေ ပြောင်းလဲသွားပြန်ပြီ…. ကျွန်တော့် သူငယ်ချင်း ယခု ပေးလိုက်သော ကျွန်တော် ငယ်စဉ်ကတည်းက လိုချင်ခဲ့သော …. ဒီနေ့မနက်ကတောင် တောင့်တမိခဲ့သော အရာ.. အခု လက်ထဲ ရောက်လာပြီ.. ကျွန်တော် ပိုင်ဆိုင်ခွင့်ရှိနေပြီ.. နောက်ထပ်တောင့်တစရာ မျော်လင့်စရာ မလိုတော့.. သို့သော်… ထို အရာကို ကျွန်တော် မြတ်နိုးမှုမရှိတော့.. လိုချင်မှုမရှိတော့… အခု… ကျွန်တော် သိလိုက်ပြီ… ကျွန်တော် သူ့ကို ရခဲ့လျှင်လဲ ရိုးသွားမည်သာ… သူ့ကို ကျွန်တော် မရိုးသွားချင်.. ကျွန်တော့် ဘ၀နဲ့ထပ်တူ တန်ဖိုးထားသည်… သူက အချစ်ကို တန်ဖိုးထားသည်… ကျွန်တော် ရိုးသွားလျင် သူခံစားရမည်… ဒီအသက်အရွယ် မှ သူ့ကို စိတ်ဆင်းရဲမပေးချင်တော့.. ကျွန်တော် လက်လျှော့လိုက်ပြီ… ကျွန်တော် ကျေနပ်စွာ နောက်ဆုတ်ခဲ့သည်… ရင်ထဲ က တောင့်တမှုတစ်ခုကို မျိုသိပ်ထားလိုက်ပြီ...



တကယ်တော့ ကျွန်တော် သူ့ကိုပိုင်ဆိုင်ချင်တာထက် … သူပျော်ရွင်တာကို ပိုလိုလားခဲ့သည်… သူ့ကို ကျွန်တော် နဘေးထား စိတ်ဆင်းရဲမှုတွေ ပေးမယ့်အစား … ကျွန်တော် အဝေးမှာ အပူအပင်ကင်းစွာ သူပျော်နေတာပဲ ကြားချင်သည်.. မြင်ချင်သည်.. ကျွန်တော့် ၀မ်းသာမှုထက် … သူ့ပျော်ရွင်မှုက အရေးကြီးသည်…. ကျွန်တော် ကျောခိုင်းခဲ့ပြန်သည်.. နောက်တကြိမ် ဝေးကြရပေအုံးမည်… ဘယ်အချိန် ပြန်တွေ့နိုင်မလဲ မသေချာတော့ ပေမယ့်.. အသေအချာ တစ်ခုတော့ သိနေသည်.. ကျွန်တော် သူ့ကို ချစ်သည်……


No comments:

Post a Comment