ကျယ်ဝန်းလှတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့တတွေ ဆုံဆည်းကြတယ်... ခင်မင်ရင်နှီးကြတယ် မကြာခင်မှာပဲ ခင်မင်ရင်းနှီးပါတယ် ဆိုတဲ့ သူတွေနဲ့ ခွဲခွါကြရပြန်တယ် အဲဒီလို... တိုတောင်းလှတဲ့ တွေ့ဆုံချိန်လေးအတွင်းမှာ အားလုံးဟာ အမုန်းတွေ အာဃာတတွေ မထားရှိကြပဲ ဒီလောက ဟင်းလင်းပြင် ကြီးထဲမှာပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာပဲနေထိုင် သွားကြပါစို့

သူမ ၏ ဒိုင်ယာရီ အပိုင်း(၃)

နောက်ကျတတ်သော ကျွန်တော်ကို ကံကြမ္မာက ဘယ်တော့မှ စောခွင့်မပေးတော့ပြီလား… ဒီခရီး အဝေးကို ကျွန်တော် စောစီးစွာထွက်လာခဲ့သည်.. သို့သော်.. အကြောင်းကြောင်း ကြောင့်လို့ ပြောရအောင် ပြသနာပေါင်းစုံခဲ့သည်… နောက်ဆုံးတော့လဲ ထုံးစံအတိုင်း ကျွန်တော် နောက်ကျခဲ့ပြန်သည်… သူ့ကို မြင်တော့ မျက်ရည်တွေ ဖြေမဆည်နိုင်အောင် ကျွန်တော် ငိုမိသည်… ဒီအသက်အရွယ်ကြီးကျမှ ကျွန်တော် ကလေးတစ်ယောက်လို ၀မ်းနည်းစွာငိုနေရသည်…. သူ အရင်လို လှနေဆဲပါ… အခုအချိန်အထိ သူကျက်သရေအပေါင်းနဲ့ ပြည့်စုံဆဲပါ… သို့သော် သူကို ကျွန်တော် နောက်ထပ်မတွေ့နိုင်တော့… ဘယ်တော့မှ ချစ်တယ်လို့ပြောခွင့်မရှိတော့… သူ့ကို ကျွန်တော် ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိတော့… သူဒီကမ္ဘာကြီးကနေ စွန့်ခွာသွားခဲ့ပြီ…. အပြုံးမပျက် မျက်နှာလေးနှင့် လှဲလျောင်းနေသော သူ့ကို ကျွန်တော် နောက်ဆုံးအကြိမ်ကြည့်ပြီး.. ကျွန်တော် ကျောခိုင်းလိုက်သည်…


သူနဲ့ ကျွန်တော် အကြိမ်ပေါင်းများစွာ ဝေးခဲ့ရဖူးသည်… ဒီတကြိမ်တော့ ပြန်မဆုံနိုင်တော့…. အခုဆို သူ့ကို ကျွန်တော် တစ်နေ့မှ မေ့မရအောင် ချစ်ခဲ့တာ နှစ်ပေါင်း ၂၅ ကျော်ပြီ… ကျွန်တော် တစ်နေ့မှ မေ့မရသလို… သူ့ကို မြင်လိုက်တိုင်းအရင်ထက်ပို ချစ်မြဲ… သူအနားမှာ ကျွန်တော် နေချင်မြဲ.. ကျွန်တော့် ဘ၀ကို သူနဲ့ တည်ဆောက်ချင်မြဲ…



အခု ကျွန်တော် လက်ထဲ စာအုပ်တစ်အုပ် သူချန်သွားခဲ့သည်.. ကျွန်တော်နဲ့ ပတ်သတ်သော.. သူ၏ အမှတ်တရပေါ့… အဖြူရောင် အဖုံးလေနဲ့ စာအုပ်လေးကို ကျွန်တော် ယုယစွာကိုင်နေမိသည်… ဒါကျွန်တော့်အတွက် သူချန်ခဲ့သော အရာ… သူရဲ့ အငွေ့အသက်တွေ အများကြီး ရှိမည်… ကျွန်တော် စာအုပ်ကလေးကို ကြည့်ရင်း သူ့ကို ပိုသတိရလာမိသည်… ဘာတွေ ရေးထားမလဲ….



ကျွန်တော် စာအုပ်ကလေးကို ဟိုနဲနဲ ဒီနဲနဲ လှန်ကြည့်လိုက်သည်… နေ့ရက်တိုင်းမရေးထားပေမယ့် .. ကျွန်တော် နဲ့ သူ့အတွက် အမှတ်ရမယ့် နေ့ရက်တိုင်း ကို သူ တစ်ရက်မကျန်ရေးထားခဲ့သည်… ကျွန်တော် စာအုပ်ကလေးကို စဖတ်မိလိုက်သည်.. အော်… သူနဲ့ ကျွန်တော် စတွေ့တဲ့ရက်ကလေး အကြောင်းပါလား… ကျွန်တော် မျက်ရည်တွေ ရစ်ဝိုင်းနေလို့.. သူလက်ရေးလေးတွေတောင် တွန့်သလို ဖြစ်နေတယ်.. ကျွန်တော် မျက်ရည်တွေ သုတ်ပြီး ဆက် ဖတ်မိသည်… သူ နဲ့ ကျွန်တော် ကျောင်းပြေးခဲ့တာလဲပါသည်.. ကျွန်တော် တို့ ခရီးသွားခဲ့တာလဲ ပါသည်.. သူ ရဲ့ မွေးနေ့ပွဲလေးလဲပါသည်… ကျွန်တော် ပေးခဲ့တဲ့အရုပ်ကလေးအကြောင်းလဲပါသည်… ကျွန်တော် ဖတ်ရင် နှမြောလာမိသည်.. ဒီစာအုပ်အကုန် ဖတ်ပြီးလျှင် … ကျွန်တော်ရိုးသွားမှာကြောက်သည်…. ကျွန်တော် မရိုးချင် … ဒီစာအုပ်ကလေးက သူချန်ခဲ့တဲ့ တစ်ခုတည်းသော အမှတ်တရမလား… သူ့ကိုယ်ပွားတစ်ခုလို ကျွန်တော်မြတ်နိုးချင်သည်.. ကျွန်တော် မရိုးချင်… နေ့ရက်တိုင်း မငြီးမငွေ့ ဖတ်ချင်သည်.. ထိုကြောင့် တစ်နေ့ တည်းအကုန်ဖတ်လို့ မဖြစ် ကျွန်တော် စာအုပ်ပိတ်ဖို့ ကြိုစားခဲ့သည်..



သို့သော်.. ကျွန်တော် မြင်လိုက်သော စာတကြောင်းကြောင့် ကျွန်တော် စာအုပ်ကို မပိတ်မိတော့ မျက်ရည်တွေ ဖြည်မဆည်နိုင်အောင် ကျလာခဲ့သည်.. ကျွန်တော် သည်းထန်စွာ အော်ငို လိုက်မိသည်… သူကျွန်တော့် ကို ချစ်သည်တဲ့…. ကျွန်တော် တစ်အုပ်လုံးကို အကုန်ဖတ်မိလိုက်သည်.. ဟုတ်သည်.. သူ ကျွန်တော့်ကို ချစ်သည်.. သူကျွန်တော်ကို စောင့်စားနေခဲ့သည်… ဒီနှစ်ပေါင်း များစွာ သူလဲကျွန်တော့်ကို မျော်နေခဲ့သည်… နေနိုင်လွန်းတဲ့ ကျွန်တော်ကို သူတစ်ခါမှ အပြစ်မမြင်.. တစ်ရက်မှ မမေ့… ကျွန်တော်သူ့ကို ချစ်သလို… သူလဲ ကျွန်တော့်ကို ချစ်သည်… အခုတော့ ကျွန်တော့် ကို သူမစောင့်နိုင်တော့ သူကျွန်တော်ကို စွန့်ခွာသွားခဲ့ပြီ… ပြန်နောက်ဆုတ်မရနိုင်တော့တဲ့ လမ်းကို သူသွားပြီ… ကျွန်တော် ကျန်ခဲ့ပြီ….



သို့သော် သူသာ ကျွန်တော့် အချစ်ကို လက်ခံခဲ့လျှင် အခုလို သူငြိမ်းချမ်းစွာ ကမ္ဘာကြီးကို စွန့်ခွာ နိင်ပါ့မလား.. ရိုးမြန်လွန်းတဲ့ ကျွန်တော် ကြောင့် သူနေ့တိုင်းစိတ်ဆင်းရဲနေမည်လား…. နောက်ဆုံးတော့ သူ့အချစ်ကို မပိုင်လိုက်ရပေမယ့်.. ကျွန်တော် ကျေနပ်သည်… ကျွန်တော် ဆုံးဖြတ်ချက်ကို ကျွန်တော် မှန်တယ်ဟုထင်သည်… သူ့အချစ်ကို ကျွန်တော် သိခွင့်ရခဲ့သည်… သူ့ အချစ်ကို ကျွန်တော် တန်ဖိုးထားလိုက်နိုင်သည်….

No comments:

Post a Comment